GKK777

Medusa

Medusa

-ဂရိရာဇဝင်တွေထဲက အလှနတ်ဘုရားမ အသီနာ ရဲ့ ကျိန်စာသင့်ခံရသူ
-ရေဘုရင်ကြီး ပိုဆိုဒွန်ရဲ့  ရမ္မက်တွေကြား ကျဆုံးခဲ့ရသူ
-ဇုရဲ့သားတော် ပါဆီးရက်စ် ရဲ့ အောင်နိုင်ခြင်းကိုခံခဲ့ရသူ
-ဦးခေါင်းတစ်ခုလုံး မြွေ တွေ အပြုံလိုက်စုနေပြီး အကြည့်ချင်းဆုံသူတိုင်း ကျောက်ရုပ် ဖြစ်သွားစေသူ
” မက်ဒူဆာ “
လွမ်းမောဖွယ်ကောင်းလှတဲ့ ဒဏ္ဋာရီ ကို အခြေပြုထားတဲ့  စလော့ ဂိမ်းကိုတော့ PG က
“Medusa : The Curse of Athena ” လိုအမည်ပေးထားပါတယ်

Medusa

“လွမ်းမောဖွယ်ဇာတ်ကြောင်း “
တိုက်တန်နတ်ဘုရားဖော့ဆစ် နဲ့ နတ်ဒေဝီ တစ်ပါးတို့မှာ ထာဝရာ ရှင်သန်ခြင်း Gorgons လို့ အဓိပ္ပါယ်ရတဲ့
နတ်သမီးသုံးယောက်ကို ဖွားမြင် ခဲ့ကြပါတယ်  အကြီး နှစ်ယောက် မမွေးဖွားခင် ဆုတောင်းတဲ့အခါ ဘယ်သို့သော လက်နက်မှ
ထိုးမပေါက်တဲ့  ခန္ဓာကိုယ်ကိုရရှိပါစေလို့ ဆုတောင်းခဲ့တဲ့အတွက် အကြီး နှစ်ယောက်လုံးမှာ  အကြေးခွံတွေ ဖှုံးလွှမ်းပြီး မွေးဖွားခဲ့ပါတယ်
ဒါကြောင့် တိုက်တန် နတ်ဘုရားတို့ဟာ အငယ်ဆုံးသမီးလေး မမွေးခင်မှာတော့ ဆုတောင်းကို ပြောင်းလဲခဲ့ကြပြီး လှပတဲ့ နတ်သမီးလေးကို ဖွားမြင် နိုင်ခဲ့ကြပါတယ်
သူကတော့ “မက်ဒူဆာ”ပဲဖြစ်ပါတယ်
လာခြင်းကောင်းတဲ့ မက်ဒူဆာမှာ လှပလွန်းတဲ့ မျက်ဝန်းတစ်စုံရှိတယ်  လေမှ လွှင့်နေတဲ့ ဆံသားတွေကို ပိုင်ဆိုင်တယ်
သူမရဲ့အလှတရားက နတ်ဘုရား လောက တစ်ခွင်လုံးကို လှုပ်ခတ်စေတယ်
နတ်ဘုရားတိုင်း လိုချင်တပ်မက်တဲ့ မက်ဒူဆာဖြစ်လာတယ်
သည်ထဲမှာ ပိုက်ဆိုင်ဒွန် လို  နတ်ဘုရားလောကရဲ့ ဥသျှောင် ဇုစ် ရဲ့  ညီ တွေကအစ ပါလာခဲ့တယ်
သည်နေရာမှာ ယုံကြည် သူတွေ အကြား  လက်ခံထားတဲ့ အကြောင်းအရာက ၂ခုကွဲထွက်ပါတယ်
တချို့က မက်ဒူဆာနဲ့ ပိုဆိုဒွန်ဟာ နှစ်ကိုယ်တူ  ပျော် မြူး ခဲ့ကြတာလို့ ဆိုပြီး တချို့ကတော့
ပိုဆိုက်ဒွန် က အတင်းအဓ္ဓမ ချစ်တင်းနှောခဲ့တာလို့ဆိုပါတယ်
ဘယ်လိုပဲဖြစ်ဖြစ် အပျိုစင် နတ်ဒေဝီ ဖြစ်တဲ့ မက်ဒူဆာဟာ ပိုက်ဆိုက်ဒွန်နဲ့ ဇတ်လမ်းဖြစ်ခဲ့တာတော့ သေချာပြီး
သည်ဇာတ်လမ်းကို ပိုပြီး ဇာတ်ရှိန်တတ်စေခဲ့တာကတော့ သူတို့နှစ်ဦး ဇာတ်လမ်းဖြစ်ခဲ့တဲ့ နေရာက  စစ်နတ်ဘုရားမှ အသီနာ ရဲ့ ပန်းဥယျာဥ် ဖြစ်တာကြောင့်
အသီနာ နတ်ဘုရားမ ဟာ ဒေါသ အိုးကွဲခဲ့ပါတယ် .. အသီနာဆိုတာ စစ်နတ်ဘုရားမ အပြင် တရားမျှတမှုကို ကိုယ်စားပြုတဲ့ နတ်ဘုရားဖြစ်တာကြောင့်
တန်ခိုးကြီးပါတယ်  သူမရဲ့ အပြစ် ဒဏ်ပေးမှုကို ဇုစ်ကလွဲလို့ ဘယ်လို နတ်ဘုရားကမှ တားပိုင်ခွင့်မရှိပါဘူး
သို့သော်လည်း မက်ဒူဆာကို သေဒဏ်ပေးလို့မရတဲ့အတွက် အသီနာဟာ  မက်ဒူဆာအတွက် အခြားကြီးလေးတဲ့ အပြစ် ဒဏ်ကိုပေးခဲ့ပါတယ်
သည်ပြစ်ဒဏ်အရ အလွန်လှပတဲ့ မက်ဒူဆာရဲ့ဆံနွယ်တွေဟာ မြွေတွေအဖြစ်ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ဟာလည်း မြွေတစ်ပိုင်း လူတစ်ပိုင်းဖြစ်သွားပါတယ်။
လှပတဲ့မျက်လုံးအစုံဟာလည်း သွေးရောင်လွှမ်းပြီး ကြောက်စရာကောင်းအောင် နီရဲသွားပါတယ်။
နှင်းပွင့်လိုဖြူဝင်းတဲ့အသားအရည်တွေဟာလည်းပျောက်ကွယ်သွားပြီး အစိမ်းရောင်အကြေးခွံတွေဖုံးအုပ်သွားသလို တောင်ပံတစ်စုံပါ ပေါက်လာပြီး နတ်မိစ္ဆာအဖြစ် ပြောင်းလဲသွားပါတော့တယ်။
မက်ဒူဆာဟာ သူ့ရဲ့အဖြစ်ကြောင့် ထိတ်လန့်ခြင်း၊ ရွံရှာစက်ဆုပ်ခြင်း၊ ရှက်ရွံ့ခြင်းတွေကို ခံစားရလို့ လူတွေ နတ်ဘုရားတွေနဲ့ မတွေ့ဆုံမိအောင် အာဖရိကတောအုပ်ကြီးထဲမှာ တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းသွားလာနေထိုင်ပါတယ်။
မက်ဒူဆာနေခဲ့တဲ့ နေရာတွေမှာ ဦးခေါင်းကမြွေတွေ ပြုတ်ကျပြီး ကျန်ခဲ့လေ့ရှိပါတယ်။ ဒါကြောင့် အာဖရိကတောအုပ်တွေထဲမှာ မြွေပေါတာလို့ ဂရိတွေက ပြောလေ့ရှိကြပါတယ်။
အဲဒီနောက်မှာတော့ မက်ဒူဆာဟာ အစ်မနှစ်ယောက်ဖြစ်တဲ့ ယူရီတေးနဲ့ စတီနိုတို့ရှိရာ တောင်ကုန်းပေါ်ကိုပြောင်းလာပါတယ်။
မက်ဒူဆာဟာ တောင်ကုန်းလေးအနီးအနားကို ရောက်လာတဲ့ လူတွေ သတ္တဝါတွေကို ဖမ်းဆီးစားသောက်ကာ နေထိုင်ရင်း PG Slot ထဲကပဲ ပါဆီးရပ်( Perseus)က လာပြီးသတ်ဖြတ်တော့မှသာ သေဆုံးသွားပါတော့တယ်။

Medusa
Scroll to Top